Tuesday, July 16, 2013

သူသာရှိရင်

ရွေလျားနေတဲံ အချိန်ကို ဖမ်းဆွဲလိုစိတ်နဲ့..
နာရီ လက်တံကို ရပ်တန့်အောင် လုပ်ခဲ့ဖူးတယ်.

ကူးခပ်ရခက် တဲ့ ပင်လယ်ကြီးကို ငေးကာ
စိတ်ဓာတ်ကျလို့ ခဲတစ်လုံးနဲ့ ပစ်ပေါက်ဖူးတယ်

ပျံတက် လို့ မဖြစ်နိုင်တဲ့ ကောင်းကင်ကြီးကို ကြည့်လို့
ငှက်ကလေးတွေကို အားကျမိခဲ့သေးတယ်..

'ဒီလိုအချိန်မှာ သူသာ ရှိရင်

ကျွန်တော် ရင်ထဲနာကျင်မှုတွေဟာ ရပ်တန့်လို့သုည တစ်လုံးဖြစ်ကာ

အချစ်ဆိုတဲ့အရာကနှလုံးသားကို ခဲတစ်လုံးလိုထိမှန်ပြီး

ကျွန်တော် ဟာ သူနဲံအတူ ငှက်ကလေးတစ်ကောင်လို့

ကောင်းကင်ယံသို့ ပျံတက်သွားနိုင်လောက်ပါရဲ့

Zây Łïñ

No comments:

Post a Comment