Saturday, July 20, 2013

အချစ်

မိန်းကလေး တွေ heart ကို ထိမှန် စေမဲ့ မျှားလေးတွေ...


(၁) မင်းအဖေက စောရတစ်ယောက်ဖြစ်နိုင်တယ် ။ဘာလို.လဲဆိုတော့ သူက ကြယ်တွေကို ခိုးပြီး မင်းမျက်ဝန်းတွေထဲ ထည့်ထားလို.လေ ။
ကာလမ်ဘတ်စ် ( ဗြိတိန် နှင့် အမေရိကန် မော်ဒယ်လ်ဟောင်း )

(၂) တကယ်လို.သာ အက္ခရာတွေကို ပြန်စီလို.ရမယ်ဆိုရင် U နဲ. I ( မင်းနဲ့ ငါ ) အတူကပ်ပြီး ထားလိုက်ချင်တယ် ။
ကာရိုး ဗွန်ဒါမန် ( ကစားပွဲ အစီအစဉ် Countdown ကိုတင်ဆက်သူ)

(၃) ကိုယ် နတ်ပြည်ရောက်နေတာဖြစ်ရမယ် ။နတ်သမီးလေးတစ်ပါးကို တွေ.နေရလို.လေ…။
မာရီယို မာကိုနီ (ဗြိတိန် နာမည်ကြီး ရုပ်သံ ဇါတ်လမ်းတွဲများတွင် ပါဝင်ခဲ့သူ )

(၄) မင်း မိုးပေါ်ကကျလာတုန်း ခိုက်မိသွားသေးလား ။
ခရစ်တီယာနို ရော်နယ်လ်ဒို ( မန်ယူ နှင့် ရီယဲလ် ကစားသမားဟောင်း )

(၅) ရော့ ..ဒီမှာ ဆယ်ပြား..။ မင်းအမေကို ဖုန်းဆက်လိုက် ။ ဒီည ပြန်မလာတော့ဘူးလို. ..။
ဂျိုဒီးမားရှ် ( ဗြိတိန် မော်ဒယ်လ်နဲ. သရုပ်ဆောင် )

(၆) မင်းကို ဖမ်းလိုက်ပြီ..။ ငါ့ အိပ်မက်ထဲ အခွင့်မရှိဘဲ ၀င်လာလို. ။
ရိုင်းစ်အိုင်ဖန်း ( ဝေလနယ်သား သရုပ်ဆောင် )

(၇) နဲနဲ ကြမ်းလို. ဆင်ဆာဖြတ်ပါတယ် ခင်ဗျာ ။

(၈) မင်းမောနေပြီ မဟုတ်လား။ တနေကုန် ငါ့စိတ်ထဲမှာ ပြေးလွားနေရလို.လေ..။
လီရှပ် ( မန်ယူ ကစားသမားဟောင်း နှင့် ရုပ်သံတင်ဆက်သူ )

(၉) နဲနဲ ဗြောင်ကျလို. ဆင်ဆာဖြတ်ပါတယ်ခင်ဗျာ ။

(၁၀) မင်းမှာ မြေပုံ ရှိလား..။ ငါ မင်းမျက်ဝန်းတွေထဲမှာ လမ်းပျောက်နေလို. ။
ဒါးရီးယပ် ဒန်နက်ရှ် ( စကော့တလန် အဆိုတော် ၊ သီချင်းရေးဆရာ )



သော်တာမောင်

No comments:

Post a Comment